Friday, April 24, 2009

အလိုအပ်ဆုံးအရာ။

လိုအပ်သောအရာ လိုက်ရှာကြည့်တယ်
ငွေနဲ့ဝယ်မလား
ရွှေနဲ့လဲမလား
စိန်နဲ့ ဆွတ်မလား
မရနိုင်ဘူး

အမြတ်နိုးဆုံး
အတွယ်တာဆုံး
သိမ်းကာထား
ှနှလုံးသားမှာ
ယိုစိမ့်ကျလာ
ကဗျာတပုဒ်သာ
အလိုအပ်ဆုံးအရာ။

Monday, April 13, 2009

အနာဂတ်

ခင်တို့ က ကွယ်
ငယ်ရွယ်စဉ်မို့
နုနယ်လန်းဆန်း
ပွင့်နှယ်ပန်းသို့
ရွှင်လန်းပါရ
သည်ကာလတွင်
ငယ်ကပညာ
ကြိုးစားရှာပြီး
နောင်တချိန်တွင်
လွန်ဖြစ်ချင်လှ--
ဆရာမလေး---
စာသင်ပြ
မေခင်ဖြစ်ချင်လှ။