Sunday, June 14, 2009

ညတည

မဟူရာဆံနွယ်တွေကို ဖြီးသင်ပြီး
အံ့မခန်း လရောင်ကလွှမ်းလို့ပေါ့
ကမ္ဘာမြေကို ဖိုးရွှေလမင်းက
အေးမြတဲ့ ငွေရောင်တွေ ပေးလိုက်တယ်။

ပန်းတွေကိုချော့သိပ်
ပန်းရနံ့ကိုသယ်ဆောင်တဲ့
လေပြေလေညှင်းလေးက
ဟိုးအဝေးကို ထွက်ခွာရင်း
ကျမကိုလက်ပြနှုတ်ဆက်သွားတယ်။