Sunday, November 1, 2009

မြန်မာ့ ယဉ်ကျေးမှု

ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုး
ဂုဏ်မညှိုး
တိုးတက်အောင်
သူ့တိုင်းပြည်
ယဉ်ကျေးမှု
တုပမှုရှောင်
ကိုယ်လူမျိုး
ကိုယ့်ပြည်ထောင်
ညီညွတ်အောင်ဝတ်စား
မျိုးမြန်မာ
ဂုဏ်ရည်တိုးအောင်
ကြိုးကြတအား။

Sunday, June 14, 2009

ညတည

မဟူရာဆံနွယ်တွေကို ဖြီးသင်ပြီး
အံ့မခန်း လရောင်ကလွှမ်းလို့ပေါ့
ကမ္ဘာမြေကို ဖိုးရွှေလမင်းက
အေးမြတဲ့ ငွေရောင်တွေ ပေးလိုက်တယ်။

ပန်းတွေကိုချော့သိပ်
ပန်းရနံ့ကိုသယ်ဆောင်တဲ့
လေပြေလေညှင်းလေးက
ဟိုးအဝေးကို ထွက်ခွာရင်း
ကျမကိုလက်ပြနှုတ်ဆက်သွားတယ်။

Sunday, May 31, 2009

အချစ် ရဲ့ အစ

တယောက်ကို တစ်ယောက်
ဖေါက်ထွင်းပြီးသိနေသလို
အကြည့်ချင်းဆုံ
ရင်ခုန်သွေးတက်
ရှက်သွေးဖျန်းပါးပြင်
နှင်းဆီနီရဲလိုဖြစ်
အချစ်ဆိုတာ
ဒီလိုကစတယ်လား
ခင် သိချင်လှတယ်။

Friday, April 24, 2009

အလိုအပ်ဆုံးအရာ။

လိုအပ်သောအရာ လိုက်ရှာကြည့်တယ်
ငွေနဲ့ဝယ်မလား
ရွှေနဲ့လဲမလား
စိန်နဲ့ ဆွတ်မလား
မရနိုင်ဘူး

အမြတ်နိုးဆုံး
အတွယ်တာဆုံး
သိမ်းကာထား
ှနှလုံးသားမှာ
ယိုစိမ့်ကျလာ
ကဗျာတပုဒ်သာ
အလိုအပ်ဆုံးအရာ။

Monday, April 13, 2009

အနာဂတ်

ခင်တို့ က ကွယ်
ငယ်ရွယ်စဉ်မို့
နုနယ်လန်းဆန်း
ပွင့်နှယ်ပန်းသို့
ရွှင်လန်းပါရ
သည်ကာလတွင်
ငယ်ကပညာ
ကြိုးစားရှာပြီး
နောင်တချိန်တွင်
လွန်ဖြစ်ချင်လှ--
ဆရာမလေး---
စာသင်ပြ
မေခင်ဖြစ်ချင်လှ။